Joomla TemplatesBest Web HostingBest Joomla Hosting
Home ဓမ္မရေစင်အကြောင်း

ဓမ္မရေစင်အကြောင်း

ဤဓမ္မရေစင်ကို dhammayaysin.com Domain အမည်ဖြင့် 2009 ခုနှစ်တွင် စတင်ခဲ့ပါသည်။ Internet စာမျက်နှာများပေါ်တွင် ဗုဒ္ဓဘုရားရှင်၏ ဓမ္မများ သန့်ရှင်းတည်တံ့စွာ ပြန်ပွားစေရန် ရည်ရွယ်လျက် ဓမ္မ Video များ၊ ဓမ္မ Audio များ၊ ဓမ္မစာပေများကို ပြုစု မျှဝေခဲ့ပါသည်။ သို့သော် 2010 ခုနှစ်တွင် ဝယ်ယူထားသော Web Hosting Company ဖျက်သိမ်းသွားခြင်းကြောင့် အခက်အခဲကြုံတွေ့ခဲ့ပြီး dhammayaysin.com Domain ပါဆုံးရှုံးသွားခဲ့ရပါသည်။ ယခု 2011 ခုနှစ်တွင် ဤဓမ္မရေစင်ကို ပြန်လည်ရှင်သန်ရန် ကြိုးစားခဲ့ပါသည်။ သို့သော် dhammayaysin.com Domain ကို တစ်စုံတစ်ယောက်က Website ပြုလုပ်ရန်အတွက်မဟုတ်ပဲ Hold လုပ်ထားသည်ကိုတွေ့ရှိရပါသည်။ ထို့ကြောင့် ၎င်း dhammayaysin.com Domain ကိုဝယ်ယူရန်ဆက်သွယ်သောအခါ $6000 ဖြင့်ရောင်းမည်ဟု အကြောင်းကြားပါသည်။ International Domain တစ်ခု၏ဈေးနှုန်းသည် ပုံမှန်အားဖြင့် $10 မှ $20 ကြားသာရှိပါသည်။ ထို့ကြောင့် ၎င်း dhammayaysin.com Domain ကိုမဝယ်ယူတော့ပဲ ဗုဒ္ဓဘာသာ အယူအဆအရ Domain သည်သာမညဖြစ်ပြီး လှူရဖို့သာအဓိကနှလုံးပိုက်ကာ dhammayaysin.net Domain အမည်ဖြင့် Domain အသစ်ဝယ်ယူကာ ဓမ္မရေစင်ကို ပြန်လည်ရှင်သန်ခဲ့ပါသည်။ တဖန် Web Hosting အတွက် Unlimited Hosting တစ်ခု ဝယ်ယူခဲ့သော်လည်း Video -  Audio Hosting မရပြန်သဖြင့် Unlimited Video -  Audio Hosting ရသော Web Hosting ကို ထပ်၍ ဝယ်ယူရပြန်ပါသည်။ ဤသို့ဖြင့် ဓမ္မရေစင်ကို dhammayaysin.net Domain အမည်ဖြင့် ပြန်လည် ရှင်သန်နိုင်ခဲ့ပါသည်။ ထို့ကြောင့် ဓမ္မရေစင်ကဲ့သို့သော အခြား ဓမ္မ Website များတွင် Useful Links, Dhamma Links, Web Links များအနေဖြင့် dhammayaysin.com မှ dhammayaysin.net သို့ Update ပြုလုပ်ပေးပါရန်ပန်ကြားအပ်ပါသည်။

ကျွန်တော်၊ ကျွန်မတို့ သည် မြတ်ဗုဒ္ဓ၏ တရားတော်များကို ဤ www.dhammayaysin.net တွင် ပူဇော်တင်ပြရသော ကုသိုလ်အဖို့ဘာဂကို လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့အား  အမျှပေးဝေ ပါသည်။ အားလုံး အမျှရကြ၍ သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။

 
Font ယူရန်
လာလည်ကြသူများ

free counters

Online ဘယ်နှစ်ယောက်လဲ
We have 17 guests online
လာလည်ကြသူပေါင်း

Message အတိုရေးရန်