Joomla TemplatesBest Web HostingBest Joomla Hosting
Home

ဓမ္မရေစင် မှ နွေးထွေးစွာကြိုဆိုပါသည်။

ဓမ္မရေစင်၏ ဓမ္မတရား ၊ ဓမ္မစာပေများကို
ကမ္ဘာပေါ်ရှိ လူသားအားလုံး လွယ်လင့်တကူ
လေ့လာမှတ်သား နာယူပွားများ ကြစေနိုင်ပြီး
မြတ်နိဗ္ဗာန်သို့ တက်လှမ်းနိုင်စေရန်
ရည်စိတ်သန်၍ ကြိုးစား ပြုစု မျှဝေခြင်း ဖြစ်ပါသည်။

 

စင်္ကာပူနိုင်ငံတွင် အဘိဓမ္မာစာမေးပွဲ ကျင်းပမည်

လေးစားရပါသော ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့ခင်ဗျား


Exam Formစင်္ကာပူနိုင်ငံတွင် အဘိဓမ္မာစာမေးပွဲ ကျင်းပခွင့်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ သာသနာရေးဝန်ကြီးဌာနမှ တရားဝင် ခွင့်ပြုပြီး ဖြစ်ပါသည်။ 

အဘိဓမ္မာစာမေးပွဲ ဖြေဆိုမည့် ပုဂ္ဂိုလ်များအနေဖြင့် ဝင်ခွင့်တောင်းခံလွှာနှင့် ဝင်ခွင့်ကဒ်များကို မင်္ဂလာဝိဟာရကျောင်း (Mangala Vihara Buddhist Temple, 30 Jalan Eunos, Singapore 419495) တွင် ရယူနိုင်ပါသည်။ ဖောင်ဖြည့်ရာတွင် လိုအပ်သည့် အချက်အလက်တို့ကို ဝင်ခွင့်တောင်းခံလွှာနှင့် ဝင်ခွင့်ကဒ်တွင် ကြည့်ရှုနိုင်ပါသည်။

ဖြေဆိုသူတစ်ဦးလျှင်
ဝင်ခွင့်တောင်းခံလွှာ (၂) စုံ၊
ဝင်ခွင့်ကဒ် (၂)စုံ ဖြည့်ရမည်။


ဝင်ခွင့်ကဒ်တွင် ဓာတ်ပုံနှစ်ပုံကပ်၍ ဓာတ်ပုံအလွတ် (၂) ပုံ၏ နောက်ကျောတွင် ဖြေဆိုမည့်သူ၏အမည်၊ အဘအမည်၊ ဖြေဆိုမည့်စားမေးပွဲကို ထင်ရှားစွာ ရေးသားပေးပို့ရမည်။

စာမေးပွဲ ဖြေဆိုမည့်သူများအနေဖြင့် တစ်ဦးလျှင် (၂) လက်မပတ်လည် ဓာတ်ပုံ (၄) ပုံ ယူဆောင်ကာ အောက်ပါ နေ့ရက်များတွင် မင်္ဂလာဝိဟာရကျောင်းသို့ လာရောက်၍ ဖောင်ဖြည့်နိုင်သည်။

ဗုဒ္ဓဟူးနေ့ ။    ။ ည (၇း၃၀) နာရီမှ (၉း၀၀) အထိ
စနေနေ့   ။    ။ ညနေ (၄း၀၀) နာရီမှ (၆း၃၀) အထိ
တနင်္ဂနွေနေ့ ။    ။ ညနေ (၄း၀၀) နာရီမှ (၆း၃၀) အထိ

မိမိအစီအစဉ်ဖြင့် ဖောင်ဖြည့်သူများသည် ဝင်ခွင့်တောင်းခံလွှာများကို နိုဝင်ဘာ (၁၄) ရက်နေ့ နောက်ဆုံးထား၍ မင်္ဂလာဝိဟာရကျောင်းသို့ ပြန်လည်ပေးပို့ရမည်။

*** စာမေးပွဲကျင်းပမည့်ရက် ***
အဘိဓမ္မာပထမဆင့် (ဒီဇင်ဘာလ (၁၀) ရက်၊ တနင်္လာနေ့)
အဘိဓမ္မာဒုတိယဆင့် (ဒီဇင်ဘာလ (၁၁) ရက်၊ အင်္ဂါနေ့)
အဘိဓမ္မာတတိယဆင့် (ဒီဇင်ဘာလ (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့)


စာမေးပွဲကျင်းပမည့်အချိန် ။    ။ စင်ကာပူစံတော်ချိန် မွန်းလွဲ ၁:၃၀ မှ ညနေ ၅:၃၀ အထိ
ကျင်းပမည့်နေရာ
။     ။ မင်္ဂလာဝိဟာရကျောင်း၊ Chew Quee Neo Hall

စုံစမ်းရန် ။    ။ ဦးစက္ကပါလ (၈၅၉၈၈၁၇၇)
ဦးအံ့ထူးနိုင် (၉၀၂၅၄၉၀၉)

 

Forms များကို အောက်ပါ Links များတွင် Download လုပ်နိုင်ပါသည်။

အဘိဓမ္မာ နှင့် ၀ိသုဒ္ဓိမဂ် စာမေးပွဲကြေငြာချက်

အဘိဓမ္မာစာမေးပွဲ ၀င်ခွင့်တောင်းပုံစံ

အဘိဓမ္မာ ၊ အဘိဓမ္မာ (ဂုဏ်ထူးဆောင်) ၊ ၀ိသုဒ္ဓိမဂ် ၀င်ခွင့်လက်မှတ်

 
 
Font ယူရန်
လာလည်ကြသူများ

free counters

Online ဘယ်နှစ်ယောက်လဲ
We have 2 guests online
လာလည်ကြသူပေါင်း

ဓမ္မရေစင်ကိုနှစ်သက်သလား
Message အတိုရေးရန်